အောင်အတိတ် အောင်နိမိတ်နှင့်
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်နှင့်
အတိတ်ကောင်း နိမိတ်ကောင်း
ယခုအချိန်သည် ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို လက်ခံကျင်းပ မည့် အိမ်ရှင်နိုင်ငံဖြစ်ပေမည်။
အားကစားပြိုင်ပွဲဆိုသည်မှာ ပြိုင်ပွဲဝင်သူတို့သည်
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ ကျန်းမာရေး
ကောင်းမွန်ခြင်း၊ နည်းစနစ်မှန်ကန်ခြင်း၊
စည်းကမ်းကောင်းမွန်ခြင်း၊ အချိန်ကိုအသုံးချတတ်ခြင်း၊ ကျွမ်းကျင်မှုရှိခြင်း၊ ခွန်အားစိုက်ထုတ်နိုင်ခြင်း၊
နိုင်လိုစိတ်ပြင်းပြခြင်း စသောအချက် (၇) ချက်နှင့် ပြည့်စုံဖို့ အထူးလိုအပ် ပေသည်။
ဤသို့ယှဉ်ပြိုင်ကြရာတွင် မိမိတို့လုံးဝမျှော်လင်မထားသော အခက်အခဲပေါင်းမြောက်များစွာ၊ အဖုအထစ်
ပေါင်းမြောက်များစွာကို ဧကန်မုချတွေ့ကြုံရပေမည်။
ဤအားကစားပြိုင်ပွဲမှ
ပေါ်လွင် ထင်ဟတ်နေသော အတိတ်နိမိတ်တို့မှာ
လက်ခံကျင်းပမည့်နိုင်ငံသည် မြန်မာနိုင်ငံဖြစ်နေခြင်း၊
ပြိုင်ပွဲ၏ အမည်က ဆီးဂိမ်း ဖြစ်နေခြင်း၊
ပြိုင်ပွဲ၏ အမှတ်တံဆိပ်က ဇီးကွက်
ဖြစ်နေခြင်း၊
ဆီးဂိမ်း ဇီးကွက် ဆိုသည့် အတိတ် နိမိတ် များအရ မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင်သည် စုကြည် ဖြစ်မည်ဟု အတိတ် နိမိတ် များမှာ ရှေးပြေးဖြစ်နေပေသည်။
အဆိုပါ အားကစားပြိုင်ပွဲကဲ့သို့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏ပါတီဝင်များ၊ မြန်မာပြည်သူပြည်သားများ
(လုံးဝ) မျှော်လင့်မထားသော
အခက်အခဲပေါင်းမြောက်များစွာ၊ အဟန့်အတားပေါင်းမြောက်များစွာ၊
အဖုအထစ်ပေါင်းမြောက်များစွာ
ကို ကျော်ဖြတ်ရမည်မှာလည်း မလွဲမသွေ ဧကန်မုချပင် ကြုံတွေ့နိုင်ပေသည်။
ဆရာ
ဘုန်းမြင့်ထွန်း
ဆန်းကျမ်း၊
လက္ခဏာ၊ အင်္ဂ၀ိဇ္ဇာ သုတေသီ
မြန်မာဖုန်း
- ၀၉-၄၂၈၂၂၇၇၄၀
ထိုင်းဖုန်း
- ၀၈၆-၉၁၉၆၇၃၅
တာချီလိတ်မြို့၊
ရှမ်းပြည်နယ် (အရှေ့ပိုင်း)

No comments:
Post a Comment